လားရှိုးမြို့နယ်မှာ ဘိန်းချက်စခန်းမိ

2016-07-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးလျံကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့က ဘိန်းချက်စခန်းလို့ယူဆရတဲ့ တဲအတွင်းကနေ ကျပ်သိန်းပေါင်းလေးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုနိုင်မယ့် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုနဲ့ ခမရ (၁၁၉) ခမရ (၃၆၄) တပ်တွေနဲ့ လားရှိုးမူးယစ် တပ်ဖွဲ့စု ၂၄ က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သတင်းအရ ရှာဖွေသိမ်းဆည်းခဲ့တာဖြစ်တယ်လို့လားရှိုး မူးယစ်တပ်ဖွဲ့စု ၂၄ က ရဲမှူးရဲနိုင်က ပြောပါတယ်။

ရဲမှူးရဲနိုင်ကို RFA သတင်းထောက် ကိုကံသာက တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့