ကရင်ပါတီခေါင်းဆောင်နဲ့ လယ်သမား ၁၇ ဦးကို စစ်တပ်က အမှုဖွင့်

2015-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ လယ်သမား ၁၇ ဦး နဲ့ အကူအညီပေးတဲ့ ရန်ကုန် တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်း တို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် က အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံထားရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်း ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်း ထားပါတယ်။


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့