တီးတိန်မှာ ကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးလူနာ ကျန်းမာရေးကောင်း


2020.03.30

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပထမဆုံးစတွေ့တဲ့ လူနာ ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာနေထိုင်တဲ့ ကိုခိုင်စံ Khai San ဟာ ပထမဆုံးရောဂါပိုးတွေ့သူတွေထဲမှာပါဝင်ပေမယ့် အခုချိန်ထိ ရောဂါလက္ခဏာမပြသေးသလို သူနဲ့ထိတွေ့ခဲ့သူအားလုံးလည်း ကျန်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရသူတွေအနေနဲ့လည်း စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဖို့လည်း ကိုခိုင်စံကပြောပါတယ်။

ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ ကိုခိုင်စံကို RFA ဝိုင်းတော်သား စောဖိုးခွား ကဆက်သွယ်မေးမြန်းထားပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။