မွေးရေ၀န်ကြီးဌာနထံ ငွေပြန်မဆပ်သူ လုပ်ငန်းရှင် ၁၀ ဦးကို တရား စွဲဆို

2015-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရဌာနအသီးသီးရဲ့ အသုံးစားရိတ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာမှာ မွေးမြူရေး၊ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ကြွေးကျန်တွေ အများဆုံးဖြစ်နေတာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ထောက်ပြဆွေးနွေးခဲ့ ပါတယ်။

ဒေါ်စန္ဒာမင်းရဲ့ မေးမြန်းချက်ကို မွေးရေကျေးလက်ဝန်ကြီးဌာနက မနေ့ကပြည်ထောင်စု လွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့သလို ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာ လည်း အကြွေးကျန်စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်စန္ဒာမင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့