ဖားကန့်နဲ့မိုင်းရှူး လက်လုပ်လက်စားလုပ်ကွက်များ

လာမယ့် ဇူလိုင်ကုန်လောက်မှာ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ မော်လူး၊ မော်ဟန်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးရတနာမြေတွေမှာ လက်လုပ်လက်စား လုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသိန်းစိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။