ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ ပြန်တက်လာတာကြောင့် ရေးဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေပြီး ရေဘေးဒုက္ခသည်စခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။
သလွင်မြစ်ရေ ဒုတိယအကြိမ် ရေပြန်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။