ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ညီလာခံ တောင်ကြီးမြို့ မှာ ကျင်းပ

2015-02-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီရဲ့ ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မှာ ကျင်းပနေပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေတာလို့ ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။

ဦးစိုင်းအိုက်ပေါင်း ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးစိုင်းအိုက်ပေါင်းနဲ့ မေးမြန်းချက်အပြည့်အစုံ

ဝေမာထွန်း။                 ။ ဒီညီလာခံမှာ အဓိကဘာအကြောင်းတွေများပြောဆိုကြလဲရှင့်၊

ဦးစိုင်းအိုက်ပေါင်း။ ။ ရွေးကောက်ပွဲလဲနီးလာပြီဆိုတော့ ၈ လလောက်ပဲကျန်တော့တယ်လေ၊ အောင်နိုင်ရေးအတွက် ကို ရွေးကောက်ပွဲကျရင် ဘယ်မြို့နယ်တွေမှာဝင်မလဲ၊ မြို့နယ်ပေါင်းက ၆၄ မြို့နယ်လောက်ဝင်မယ်၊ ရှမ်းပြည်နယ်မှာ ၄၃ မြို့နယ်ဝင်မယ်၊ ကချင်မှာ ၉၊ စစ်ကိုင်းမှာ ၅၊ မန္တလေးမှာ ၃၊ ကယားမှာ ၄ အားလုံးစုစုပေါင်း ၆၄ မြို့နယ်လား မသိဘူး၊ ပေါင်းလိုက်တော့

ဝေမာထွန်း။                 ။ ရွေးကောက်ပွဲအောင်နိုင်ရေးကျတော့ အန်ကယ်တို့ဘယ်လိုများ ဆောင်ရွက်သွားဖို့ရှိလဲရှင်၊

ဦးစိုင်းအိုက်ပေါင်း။ ။ ခရိုင်ကတို့စီအီးစီတွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အားလုံးပြီးတာနဲ့ချက်ချင်း ဆင်းတော့မယ်၊ မြို့နယ်တိုင်းကိုဆင်းမယ်၊ အန်ကယ်တို့ ပါတီဝင်တွေကလောလောဆယ် ၄ သိန်းကျော်သွားပြီ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကိုရွေးတော့ရွေးထားတယ်၊ ဒါပေမဲ့နီး မှကြေညာမယ်၊ ဦးရေပေါင်း ၂၀၀ ကျော်လေ၊ အားလုံးကရွေးထားပြီးသားဒါပေမဲ့မြို့နယ်မှာ တချို့ကလဲ ၅ ဦးရွေး ထားတာရှိတယ်၊ ၇ ဦးရွေးလာတာ ရှိတယ်၊ အကောင်းဆုံးပြည်သူနဲ့တိုင်ပင်ပြီးမှ ပြန်ရွေးသင့်တယ်ဆိုတာ ညှိနှိုင်းပြီးမှ အတော်ဆုံးလူကိုရွေးမယ်။

ဝေမာထွန်း။                 ။ အန်ကယ်တို့ ၂၀၁၅ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါကျတော့ ပါတီရဲ့မူဝါဒ ကိုရောဘယ်လိုမျိုးချမှတ်သွားဖို့ရှိလဲရှင့်။

ဦးစိုင်းအိုက်ပေါင်း။ ။ အဓိကကတော့ ရှမ်းပြည်နယ်မှာအစိုးရဖွဲ့စည်းနိုင်ရေးက အဓိက ရည်မှန်းချက်ပဲ၊ အထွေထွေရွေးကောက်ပွဲပြီးပြီဆိုရင် ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းနိုင်ဖို့ပဲ၊ ကချင်ပြည်နယ်မှာလဲပါရမယ်၊ ကယားပြည်နယ် မှာလဲတို့ပါရမှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်ရှိတယ်လေ၊ ၉ မြို့နယ်ဝင်ပြိုင်မယ်လေ၊ ကျားဖြူပါတီ က အစိုးရဖွဲ့သွားနိုင်ဖို့ကို ရည်မှန်းထားတယ်လေ

ဝေမာထွန်း။                 ။ အန်ကယ်တို့ ညီလာခံကျတော့ရော ဘယ်နှစ်ရက်များလုပ်သွား ဖို့ရှိလဲရှင်။

ဦးစိုင်းအိုက်ပေါင်း။ ။ မနက်ဖြန်တစ်ရက်ရယ်၊ ၁၇၊ ၁၈ ကျတော့ ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံညီလာခံ ထပ်လုပ်မယ်၊ NPF ကတိုင်းရင်းသား ညီလာခံ ၁၂ ပါတီရှိတယ်လေ၊ အဲ့ပုဂ္ဂိုလ်တွေလဲအားလုံးဖိတ်ထားတယ်၊

ဝေမာထွန်း။                 ။ ၁၇၊ ၁၈ မှာလုပ်မယ့် တိုင်းရင်းသားညီလာခံကျတော့ရော အန်ကယ်ဘယ်လိုကိစ္စတွေ ကိုဆွေးနွေးဖို့လျာထားလဲရှင့်။

ဦးစိုင်းအိုက်ပေါင်း။ ။ အဓိကကတော့ သက်ဆိုင်ရာပြည်နယ်တွေမှာလဲ၊ သက်ဆိုင်ရာ ပါတီတွေကအောင်နိုင်ရေး အတွက်ပေါ့၊ ၁၀ရက်၊ ၁၁ရက်မှာလဲ NPF ကဆွေးနွေးပြီး သားလေ၊ အဓိကကတော့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ ပါတီတွေက အောင်နိုင်ဖို့အတွက်ပဲလေ။

ဝေမာထွန်း။                 ။ အန်ကယ်တို့ကျားဖြူပါတီကြီးပဲ ညီလာခံကျင်းပမယ့် ၂ ရက်မှာ ရော ဘယ်လိုအကြောင်း အရာတွေထပ်ပြီးဆွေးနွေးသွားမလဲရှင်။

ဦးစိုင်းအိုက်ပေါင်း။ ။ သူတို့ကဘယ်မြို့နယ်တွေမှာဘာတွေလုပ်ထားတယ်ဆိုတာ တင်ပြတဲ့အပိုင်းပဲရှိတယ်လေ၊ မူဝါဒ ကတော့ ရှမ်းပြည်နယ်ဖွဲ့စည်းနိုင်ရေးအတွက်ပဲ၊ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းသွားရမှာပေါ့၊ ရွေးကောက်ပွဲ ပိုပြီးတော့ အောင်နိုင်အောင်ပေါ့၊

ဝေမာထွန်း။                 ။ ရှမ်းပြည်နယ်က ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီပူးပေါင်းဖို့ အတွက် ဘယ်လိုအခြေ အနေတွေရှိနေလဲအန်ကယ်။

ဦးစိုင်းအိုက်ပေါင်း။ ။ အခုရွေးကောက်ပွဲတအားနီးနေပြီ၊ အချိန်မရတော့ဘူး၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှပဲ တို့စဉ်းစား မယ်နော်။

ဝေမာထွန်း။                 ။ အန်ကယ်အခုလိုဖြေကြားပေးလို့ကျေးဇူးပါ။

ဦးစိုင်းအိုက်ပေါင်း။ ။ ကျေးဇူးပဲနော်သမီး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့