ထောင်ထဲမှာ ကိုဗစ်မစစ်နိုင်ကြောင်း နိုင်/ကျဉ်းဟောင်းပြော

နေရိန်ကျော်
2021.01.27

ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ဟာ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ သူ့ဟာ ၂၀၁၅ ပညာရေး ပြုပြင်ပြောင်းလဲရေးသပိတ်အပြီး မှတ်ပုံတင်အတုနဲ့ တိမ်းရှောင်နေခဲ့လို့ဆိုတဲ့အမှုနဲ့ ၅ နှစ်အကြာ၊ ၂၀၂၀ သြဂုတ်လမှာ ထောင် ၆ လချခံရတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့အတွက်ဆိုပြီး တရားရုံးချိန်းတွေမှာ ဘယ်သူ့မှအပြင်မထုတ်ဘဲ ဗီဒီယိုရုပ်သံနဲ့ပဲ ရမန်ထပ်ထပ်ပေးနေလို့ အချုပ်သားအားလုံး နစ်နာနေကြသလို၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာတွေ့ရရင်လည်း ဆေးစစ်တာမရှိဘူးလို့ ပြောပါတယ်။

အင်းစိန်ထောင်က နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ ကိုလင်းထက်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။