တိုက်ပွဲဖြစ်တဲ့အကြောင်းကို စုံစမ်းစစ်ဆေး


2016.11.07

အစိုးရတပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲတဲ့ စီစစ်အတည်ပြုရေးအဖွဲ့ရဲ့ ခရီးစဉ် မနေ့က ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေမဖြစ်ဖို့အတွက် ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဟာ ပိုမိုအားကောင်းဖို့နဲ့ ဆွေးနွေးမူတွေ အဆက်မပြတ်လုပ်ဖို့လိုတယ်လို့ စုံစမ်းရေးအဖွဲ့မှာပါတဲ့ ABSDF ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဆလိုင်းယောအောင် ကပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆလိုင်းယောအောင်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။