ကချင်ပြည်နယ်က အရာရှိ ၇၇ ယောက်ကို ပြောင်းရွှေ့
2016.11.09
ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့် အစရှိတဲ့မြို့နယ်တွေက ရဲအုပ်နဲ့ ဒုရဲအုပ်အဆင့်ရှိတဲ့ အရာရှိ ၇၇ ယောက်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အရင်က အခုလို အစုလိုက် ပြောင်းရွှေ့မိန့်ထုတ်ပြန်တာ မရှိခဲ့ဖူးကြောင်းနဲ့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မိန့် ကျတဲ့အတွက် တာဝန်ပြန်လည်ချထားရေးတွေမှာ အခက်အခဲရှိတယ်လို့ ကချင်ပြည်နယ်ရဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးထွန်းဦးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေး မြန်းထားပါတယ်။