အက်ဆစ်စက်ရုံကို သွားရောက် စစ်ဆေးခဲ့တဲ့ စစ်ကိုင်း စည်ပင်ဝန်ကြီးနဲ့ မေးမြန်းချက်


2016.06.22

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာကြောင့် ကံကုန်းကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသားအားလုံးနီးပါး ကျောင်းမတက်နိုင်ဘဲဖြစ်နေပါတယ်။

အဲ့ဒီစက်ရုံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီနှစ် အောက်တိုဘာလအထိ လုပ်ကိုင်ခွင့်ထပ်တိုးရထား တာဖြစ်တယ်လို့ စက်ရုံကို သွားရောက်စစ်ဆေးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။