ကယားပြည်နယ်မှာ ကျင်းပမယ့် လူငယ်စကားဝိုင်းအကြောင်း မေးမြန်းချက်

2017-12-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကယားပြည်နယ်မှာ ကျင်းပဖို့ ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် လူငယ်စကားဝိုင်းအတွက် လူရွေးချယ်ရာမှာ ပွင့်လင်မြင်သာမှုမရှိဘူးလို့ ဒေသခံ အရပ်ဘက်အဖွဲ့အချို့က ဝေဖန်နေကြပါတယ်။ လူငယ်စကားဝိုင်းအတွက် လူရွေးရာမှာ သတ်မှတ်ချက်စံနှုန်းတွေ အပြောင်းအလဲများနေသလို လက်ရှိအချိန်အထိ အများပြည်သူ သိအောင်ချပြတာမျိုး မရှိသေးဘူးလို့ ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့က ဒါရိုက်တာ ကိုကျော်ထင်အောင် က ပြောပါတယ်။

ကိုကျော်ထင်အောင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့