KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတဲ့အကြောင်း ဆက်သွယ်မေးမြန်းချက်

2017-12-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတောကားလမ်းမပေါ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ကင်းလှည့်စခန်းတစ်ခုကို လွိုင်ကော်မြို့နယ်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ တပ်မတော်သားတချို့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်အသတ်ခံရကာ သူတို့နဲ့အတူရှိနေတဲ့ ရွာသားတစ်ယောက်လည်း ပျောက်ဆုံးနေတယ်လို့ KNPP က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးတွေကို အကြောင်းကြားထားတယ်လို့ KNPP ပါတီအတွင်းရေးမှူး (၂) ဦးဒယ်နီယယ်လ် ကပြောပါတယ်။

ဦးဒယ်နီယယ်လ်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့