ဦးကိုနီလုပ်ကြံမှု အောင်ဝင်းထွန်း ထွက်ဆိုချက်အကြောင်း မေးမြန်းချက်


2018.09.06

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုကို ဒီကနေ့ ၇၂ ကြိမ်မြောက်အဖြစ် စစ်ဆေးရာမှာ နံပါတ် (၄) တရားခံ အောင်ဝင်းထွန်း ကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့တရားခွင်မှာ အောင်ဝင်းထွန်းဟာ အရင်က မထွက်ဆိုခဲ့တာတွေကို ထွက်ဆိုခဲ့ပြီး စွဲဆိုထားတဲ့အမှုရဲ့ ရုပ်လုံးလည်းပေါ်လာပြီလို့ တရားလိုရှေ့နေတဦးဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဦးရောဘတ်စန်းအောင်ကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။