လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေအများစုကို မြေယာလျော်ကြေးတွေပေးပြီးဖြစ်တယ်လို့ဝမ်ပေါင်ကုမ္ပဏီကပြောဆိုပေမဲ့၊ လယ်မြေဧက ၃၀၀၀ကျော် လျော်ကြေးမယူရသေးဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့အတူ အကူအညီိပေးသူတွေက မြေယာလျော်ကြေး မယူရသေးတဲ့ လယ်မြေဧကအတိအကျကို စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကို အကူအညီပေးနေတဲ့ မဖြူနှင်းထွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။