စစ်အစိုးရအဖွဲ့ထဲပါဝင်ခဲ့သူတွေကို တရားစွဲတော့မယ်


2015.05.28

လွန်ခဲ့တဲ့ ၂၅နှစ်၊ ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲအပြီး  ရွေးချယ်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာအပ်နှင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ယခင်စစ်အစိုးရအဖွဲ့ဝင်တွေကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ၁၉၈၉ခုနှစ်ကစလို့ နိုင်ငံတော်အာဏာကိုရယူထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့တွေကို တရားစွဲဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့် ငွေရတုအခန်းအနားမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဦးဒေဗစ်လှမြင့်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။