CNN သတင်းဌာနနဲ့ စကားပြောလို့ အဖမ်းခံရသူ ၁၀ ဦးခန့်ရှိ

2021.04.05

ရန်ကုန်တိုင်း မင်္ဂလာဒုံဈေးမှာ ဧပြီလ ၂ ရက်နေ့က CNN သတင်းထောက်နဲ့ စကားပြောလိုက်လို့ အဖမ်းခံရတဲ့သူ ၁၀ ယောက်လောက်ရှိပြီး တချို့က အဖမ်းခံရမှာ စိုးရိမ်ထိတ်လန့်ပြီး ရှောင်ပုန်းနေရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ရှောင်ပုန်းနေရတဲ့သူတွေထဲက အမည်လွှဲပေးထားတဲ့ မမော်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။