အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေအလိုက် ပဋိညာဉ်တွေ ရေးဆွဲအတည်ပြုပြီးမှသာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ရေးဆွဲနိုင်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ လတ်တလောမှာ တက္ကသိုလ်အလိုက် ပဋိညာဉ်တွေ ရေးဆွဲနေဆဲ ဖြစ်တာကြောင့် အချိန်ယူရဦးမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။