မှတ်ပုံတင်ကြေး ထုတ်ယူခွင့် အကြောင်း မေးမြန်းချက်


2015.11.20

အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအပြင် ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ ပုံ ၁ ပုံ ရဲ့ မဲရရှိထားတယ်ဆိုရင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် ၃ သိန်းကို ပြန်လည်ထုတ်ယူခွင့်ရှိမှာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ မှတ်ပုံတင်ကြေးပြန်လည်ထုတ်ယူခွင့်ရှိသူ ၁ဝဝ ကျော် ရှိပါတယ်။

မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ယူနိုင်ဖို့အတွက် ကော်မရှင်က စီစဉ်ဆောင်ရွက်ထားတာတွေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်၊ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသက်နိုင်ဦးကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။