မြန်မာနိုင်ငံက လူမှောင်ခိုကူးမှုအခြေအနေ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူမှောင်ခိုကူးမှု အဆိုးဝါးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လူမှောင်ခိုကူးမှု အဆိုးဝါးဆုံး အဆင့် (၃) စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့အတူ အီရန်၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ထည့်သွင်းဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှုပပျောက်ရေး ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူမှောင်ခိုကူးမှု အဆိုးဝါးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လူမှောင်ခိုကူးမှု အဆိုးဝါးဆုံး အဆင့် (၃) စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့အတူ အီရန်၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ထည့်သွင်းဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှုပပျောက်ရေး ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက လူမှောင်ခိုကူးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ Triangle Women’s Support Group အဖွဲ့ရဲ့ဒါရိုက်တာ မခင်လေးကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊