မြန်မာကုန်သည်တွေရဲ့ ရူပီး ၅၀၀နဲ့ ၁၀၀၀ တန်ငွေတွေ ဈေးနှိမ်ခံရ


2016.11.24

အိန္ဒိယအစိုးရက သိမ်းဆည်းလိုက်တဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို လက်ဝယ်ရှိနေတဲ့ အိန္ဒိယ - မြန်မာ နယ်စပ်က မြန်မာကုန်သည်တွေအနေနဲ့ လဲလှယ်ဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ဈေးနှိမ်ပြီးလာဝယ်တဲ့ အိန္ဒိယနိုင်ငံသားတွေဆီမှာပဲ ပြန်ရောင်းနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။


ကုန်သည်အများစုက ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေ စုတာပိုများတဲ့အတွက် အထိနာပြီး အဲဒီ ငွေကြေးကိစ္စတွေကြောင့် နန်းဖာလုံဈေးမှာ အခုအချိန်အထိ အရောင်းအဝယ် ရပ်တန့်နေတယ်လို့ ဒေသခံကုန်သည်တစ်ယောက်ဖြစ်တဲ့ ကိုပူဟင် က ပြောပါတယ်။ ကိုပူဟင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။