ကချင်ပြည်နယ် ရွာတချို့မဲဆွယ် စည်းရုံးတာ မလုပ်ဖို့ဟန့်တား

2015-09-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ကျေးရွာတွေမှာ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင် က မြစ်ကြီးနားမြို့မှာ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမောင်မောင်ကွန်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့