ကချင်ပြည်နယ် ရွာတချို့မဲဆွယ် စည်းရုံးတာ မလုပ်ဖို့ဟန့်တား


2015.09.27

ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ကျေးရွာတွေမှာ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင် က မြစ်ကြီးနားမြို့မှာ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမောင်မောင်ကွန်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။