NLD ပါတီ ဖွဲ့စည်းပုံပြင်ဆင်ရေးရည်မှန်းချက်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး ချမှတ်လိုက်တဲ့ ရှေလုပ်ငန်းစဉ်ထဲမှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ NLD ပါတီအနေနဲ့ ဘယ်လိုကြိုးစားမှာပါလဲ...၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။