နော်ဝေနိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံပွဲ ဦးလှမောင်ရွှေ ကို မေးမြန်းချက်

2014-12-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende (ဘောဂ်ဘရက်န်ဒီ) က ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်တွေနဲ့ ပဲခူးမြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ကူညီသွား မှာဖြစ်တယ်လို့ ဒီနေ့တွေ့ဆုံပွဲ မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့