NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ခေါင်းဆောင်များ ညီလာခံအကြောင်း မေးမြန်းချက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ထိပ်သီးခေါင်းဆောင်များ တတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

နောင်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပိုမိုအောင်မြင်မှုရရှိဖို့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာတွေကို ဒီဆွေးနွေးပွဲမှာ ညှိုနှိုင်းတိုင်ပင်ဖို့ရှိတယ်လို့ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီညီလာခံအကြောင်း KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။