ပုသိမ်ကြီး ကျောက်မီးသွေးသုံးစက်ရုံ ကန့်ကွက်ပွဲ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဖို့ နေပြည်တော် အထိ ချီတက်ဆန္ဒပြမယ့် သူတွေကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဖို့ ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်အထိ ချီတက် ဆန္ဒပြမယ့်သူတွေကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။

ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့လူမှုဘဝနဲ့ သဘာဝဝန်းကျင် ပျက်စီးဆုံးရှုံးတာတွေ များပြားလွန်းတာကြောင့် ရတဲ့နည်းနဲ့ဆက်ပြီး ဆန္ဒပြ ကန့်ကွက်သွားမယ်လို့ အောင်သပြေရွာသားတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူတယောက်ဖြစ်တဲ့ အောင်သပြေရွာခံ ကိုကျော်ဇေယျကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။