ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေ အခြေအနေ


2018.05.23

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ ဒေသအာဏာပိုင်တွေအကြား လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကြောင့် တိုင်းပြည်ရဲ့သဘာဝ သယံဇာတတွေ ပျက်စီးပြုန်းတီးနေရတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

အဲဒီလိုလာဘ်ပေး လာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး ကျောက်မျက်ကုမ္ပဏီတချို့ စစ်ဆေးခံနေရတယ်လို့လည်း ပြောပါတယ်။

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေ အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ဦးတင့်စိုး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။