အစိုးရတပ်တွေ ထွက်သွားပေးဖို့ တောင်းဆို


2018.03.20

ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်မှာ အစိုးရတပ်မတော်တပ်ရင်း ၆ ရင်းတို့က ဝင်ရောက်နေရာ ယူထားတဲ့အတွက် စစ်ကြောင်းတွေ အမြန်ဆုံးပြန်ထွက်သွားပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒေသခံတွေဟာ သူတို့နေအိမ်တွေဆီ မပြန်ရဲကြဘဲ KNU နဲ့ အစိုးရဖက်က ထိပ်တန်းခေါင်းဆောင်တွေ အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးကြဖို့ တောင်းဆိုတာလို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ စောဝေလေး က ပြောပါတယ်။

စောဝေလေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။