တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၆ ဖွဲ့ထူထောင်မယ့် စီးပွားရေးကုမ္ပဏီ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းတည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းတည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရေရှည်ရပ်တည်ရေးအပြင် နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်နိုင်ရေးအတွက် အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကပြောပါတယ်။ ခွန်မြင့်ထွန်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။