မိုင်ဂျာယန်မှာ သင်တန်း သွားတက်ပြီး ပြန်လာသူတွေ ဖမ်းဆီးခံရ

2016-10-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွားတက်ခဲ့တဲ့  ပူတာအိုမြို့နယ်က ဒေသခံ ၄၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ဗန်းမော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တပ်မတော်ဘက်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်သိန်းထိုက်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ရဲအုပ်သိန်းထိုက်ဦးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့