ရေကြီးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေး


2015.08.02

ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး အရေးပေါ်ဒေသတွေအဖြစ် ကြေညာခံထားရတဲ့ စစ်ကိုင်း ၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရရဲ့ "အမျိုးသားသဘာဝဘေး ကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းကော်မတီ"က ကူညီကယ်ဆယ်ရေးတွေ စတင်ဆောင်ရွက်နေပါတယ်။

ရေကြီးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြောင့်ကြာမှုတွေ ကယ်ဆယ်ရေး ခရီးမပေါက်တာတွေ ရှိတယ်လို့ သိရပါတယ်။

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် စစ်ကိုင်းတိုင်းညွန်ကြား ရေးမှူး ဦးစဝီလီဖရန့်ကို RFA သတင်းထောက် မမိုးကလျာဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။