ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး တားမြစ်ခံရ

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က တောင်ကြီးမြို့မှာ စက်တင်ဘာလဆန်း ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မပြုလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။