ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်းမိုင်နဲ့ မေးမြန်းချက်

2015-12-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ရှမ်းပြည်နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ရာမှာ အစိုးရတပ်က စာသင်ကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအစီရင်ခံစာပါ အချက်တွေအတိုင်း အစိုးရတပ်မတော်က ကျူးလွန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်းမိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့