နမ္မတူစစ်ပြေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့နဲ့ RCSS/SSA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ဒေသခံတွေအတွက် အဝတ်အစား၊ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့နဲ့ RCSS/SSA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ဒေသခံတွေအတွက် အဝတ်အစား၊ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်နေပါတယ်။ ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နမ္မတူမြို့နယ် ဆီလန်ခမ်း ပရဟိတအဖွဲ့က ကိုကျော်စွာကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။