လက်ရှိ NCA အပစ်ရပ်စာချုပ် မူကြမ်းအတိုင်း လက်မှတ်ရေး ထိုးရင် ဘာဖြစ်နိုင်သလဲ

2015-05-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

NCA တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်ရှိမူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို သတိပေးတိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒို မန်းအော်လန်းဒိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က  ဆက်သွယ်မေးမြန်းတင်ပြပါလိမ့်မယ်။

ကွန်မင့်များ (4)
Share

(

ဒေသဖွံ့ ဖြိုးရေး လုပ်ချင်ရင် ကိုယ့်ဟာကို လွှတ်လွှတ်ကျွတ်ကျွတ်လုပ်ပါ။ အမျိုးကိုမရောင်းစားပါနဲ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဘဲဖြစ်ရမှာပေါ့။ အတုအယောင်ဟန်ပြ၊ နိုင်ငံရေးအမြတ်ထုတ် တဲ့ငြိမ်းချမ်းရေး မျိုးမဟုတ်သင့်ပါ။ ထို့ကြောင့်ကနေ့ ကရင်ပြည်သူများသည် မျက်ရည်ကိုဒူးနဲ့သုတ်ပြီး ခံစားနေရပါသည်။ ဥပမာတခုပေးရရင်…. တပ်မဟာ ၄ လက်အောက်ခံ ကရင်ရွာပေါင်း ၃၀ ကျော်က ကေအန်ယူနဲ့ အဆက်ဖြတ်လိုက်ပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလမှာဖြစ် ပေါ်လာတဲအကျိုးတရားတွေကို ကေအန်ယူကတာဝန်မယူနိုင်လို့ဘဲ. အခြားဒေသတွေမှာ ငြိမ်းချမ်းရေး ရတော့ မှာကိုသွားပြီး ဖျက်ဆီးဖို့ထက် ငြိမ်းချမ်းနေပြီးသား ဒေသတွေမှာ တပ်ပို့ပြီးသွားတိုက်နေတာ… လေယဉ်နဲ့အမြောက်နဲ့သွားတိုက်နေတယ်. တပ်မဟာ (၂) မှာ လေယဉ်နဲ့သွားပစ်တာ လဲ အစွယ်ထုတ်ပြတာပါဘဲ။ ဒါဆို ဘယ်မလဲ တိုင်းရင်းသားတွေရဲ အနာဂတ်နိုင်ငံရေးအာမခံချက်

Jun 09, 2015 09:36 AM

(

နှစ် နှစ်တာအချိန်ယူပြီးဆွေးနွေးခဲ့ပေမဲ့ အဲဒီးမူကြမ်းဟာ တိုင်းရင်းသားတွေအတွက် နိုင်ငံရေး အာမခံချက်မယ်မယ်ရရ မရရှိပါ။ ဒါထက်မက နွေးနွေးနေတဲ့ အချက်အလက် တွေဟာလဲ တိုင်းရင်းသားတွေ တောင်းဆိုတင်ပြလာတဲ့အချက်အလက်ထက် အစိုးရကတင်ပြလာတဲ့အချက်အလက်တွေကဘဲ နေရာယူ ဆွေးနွေးနေရတယ်။ ဒါဆို့ရင် သဘောပေါက်သင့်ရောပေါ့။။
နိုင်ငံရေးစကားဝိုင်းထိုင်နိုင်ဘို့အတွက် ဦးစွာ အပစ်ခတ်ရပ်စဲရေးကို အရင် ခိုင်ခိုင်မြဲမြဲ လုပ်ရပါမယ်။ နှစ်ဘက်တပ်တွေထိပ်တိုက်ရင်ဆိုင်မှု မရှိအောင် တပ်တွေကို ဘယ် လိုခွါထားရမလဲနဲ့ နှစ်ဘက်တပ်တွေလိုက်နာရမဲ ကျင့်ဝတ်တွေကိုအရင် ဆုံးဆွေးနွေးပြီး သဘောတူညီမှု ရယူကာ နှစ်ဘက်စလုံးကတပ်တွေက ထိုချမှတ်ထားတဲ့ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် တွေကို လိုက်နာရမည်။ ဒါက အပစ်ခတ်ရပ်စဲရေးနဲ့ပါတ်သက်တဲ့အခန်းပါ။။ ပစ်တာခတ်တာ ဆိုတာ က နှစ်ဘက်တပ်တွေရဲ့ ထိတွေ့မှုပေါ်မှာမူတည်တဲ့အတွက် ဒါတွေကို နိုင်ရေး စကားဝိုင်း မစခင် အပြီးလုပ် ရ မဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။

Jun 08, 2015 06:39 AM

စောခုလွန်

နေရပ်-့

၁) မူကြမ်းအား အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ၂နှစ်ကြာ အချိန်ယူရေးဆွဲတဲ့ အတောအတွင်း ပြည်သူလူထု လက္ခံယုံကြည်နိုင်လောက်တဲ့ ဘာ ပြောင်းလဲမှု မှ မရှိသည့်အပြင် ကျောင်းသားများအား မတရားဖမ်းဆီးနှိပ်စက်ထောင်ချတဲ့ အကျင့်ဟောင်းလုပ်ရပ်များ၊ တိုင်းရင်းသားများအား တချို့ချန်လှပ်၊ တချို့ အပစ်ရပ်လုပ်နေသော အစိုးရ၏ အဆီအငေါ်မတည့် လုပ်ရပ်များကြောင့် စာချုပ်မူကြမ်းအား ဘယ်လောက်ပဲအချိန်ယူလှည့်ဖြား ရေးဆွဲထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်များအနေနှင့် စဉ်းစားချိန်ဆသင့်သည်။
၂) မူကြမ်း၊ အလွတ်သဘော၊ ယာယီဆိုသည့် အသုံးအနှုံးများသည် ခရီးသွားဟန်လွဲလုပ်ရပ်များဖြစ်၍ လေးနက်တိကျ ခိုင်မာမှုမရှိပါ။
၃) ဒေသဖွံ့ဖြိုးရေးလုပ်ရန်အတွက် ပြည်သူလူထု၏ ဘဝလုံခြုံမှု၊ အာမခံမှု၊ တိုင်းရင်းသားများ မျှော်လင့်ထားသော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တရားသော တော်လှန်ရေးအတွက် မိမိလက်နက် မိမိစွဲကိုင်ထားရမှာဖြစ်တယ

Jun 03, 2015 05:48 PM

(

၁) ယင်းမူကြမ်းသည်​ တိုင်းရင်းသား​ခေါင်း​ဆောင်​များနှင့်​ အစိုးရ အပြန်​အလှန်​​ဆွေ​နွေးညှိနိုင်းကာ ​၂နှစ်​အချိန်​ယူ​ရေးဆွဲထားခြင်းဖြစ်​ပါတယ်
၂) ယင်းမူကြမ်းအား သ​ဘောတူလက်​မှတ်​​ရေးထိုးခြင်းကနေ ​နောက်​တဆင့်​နိုင်​ငံ​ရေး၊ စစ်​​ရေးကိ​စ္စများ ​ဆွေ​နွေးနိုင်​မည်​ဖြစ်​သည်​။
၃) လက်​နက်​မျာအား ထာဝရစွဲကိုင်​ထားရန်​မှာမဖြစ်​နိုင်​ပါ။ တချိုန်မှာ လက်​နက်​စွန့်​လွှတ်​ကာ ​ဒေသဖွံဖြို​ရေ့းပြုလုပ်​ရမည်​ဖြစ်​သည်​။
အစွန်း​ရောက်​သည့်​အယူအဆများကိုစွန့်​လွှတ်​ကို
ငြိမ်းချမ်း​သောလမ်းစဉ်​ဖြစ်​သွားရ​တော့မည်​ဖြစ်​ပါသည်​။
တည်​ငြိမ်​မှုရပြီး ငြိ​မ်းချမ်းမှုအသီးအပွင့်​များကို ကရင်​ပြည်​သူများခံစား​နေရသည်​ကို ပျက်​ပြား​အောင်​မလုပ်​ပါနင့်
အလားတူ အခြား​ဒေသများတွင်​လည်း ငြိမ်းချမ်းမှုများရရှိ​တော့မည်​ကို မ​နှောက်​ယှက်​ပါနှင့်​။

Jun 02, 2015 09:21 AM

ဆိုက်တခုလုံးသို့