သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-29
နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသား ကျောင်း သူတွေနဲ့ ဝန်းရံသူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မ ရှင်က နိုင်ငံတော်သမ္မတဆီကို မေတ္တာရပ်ခံစာ ပေး ပို့တောင်းဆိုထားပါတယ်။
2015-10-29
အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မိုင်းနောင်မြို့နယ်ထဲက ရိန်းကောင်ရွာမှာတော့ အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျတာကြောင့် အိမ်သုံးလုံးပျက်စီးသွားတယ်လို့ SSPP/SSA က ပြောပါတယ်။
2015-10-29
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူစာရင်းမှာ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2015-10-28
စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးခဲ့ကြရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူအများ ဆုံး ဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှာ အခြေစိုက်တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက် အကူပြုအဖွဲ့က ပြောပါတယ်။
2015-10-28
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့ဟာ မြို့နယ်ပေါင်း ၁၂၉ မြို့နယ်မှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးပွဲ ၁၆ဝဝ ကျော်ကို လေ့လာစောင့်ကြည့်ရာမှာ တွေ့ရှိခဲ့တာတွေကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-10-27
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုသဘောထား၊ ရွေးကောက်ပွဲနေ့ ပေါ်ပေါက်လာနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ရွေးကောက်ပွဲအပြီးဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားးဒီမိုကရေစီ အောင်နိုင်ရေးဆောင်ရွက်နေတဲ့ နာမည်ကျော် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အတွေးအမြင်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-27
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့ရာမှာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ခုလို ဖြစ်ပွားခဲ့တာကြောင့် ရှမ်းပြည်နယ်အတွင်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်ခံမှာမဟုတ်ဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
2015-10-25
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးတွေ ကျရောက်နေတဲ့အတွက် ဒေသခံ စစ်ဘေးဒုက္ခ သည် တစ်ရာကျော်ဟာ မနေ့က မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2015-10-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးမှုတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီ က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-10-25
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဖမ်းဆီးခံကျောင်းသားမိဖတွေနဲ့ သူတို့အတွက်လိုက်ပါဆောင် ရွက်နေတဲ့ အကျိုးဆောင်တွေ ရန်ကုန်မြို့ မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-10-25
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတဝှမ်း ပုံမှန်ရဲတပ် ဖွဲ့တွေနဲ့အတူ အထူးရဲတွေ အပါအဝင် အင်အားပေါင်း (၈) သောင်းကျော်နဲ့ လုံခြုံရေးချထား ဖို့ စီစဉ်ထားပြီး လိုအပ်တဲ့ နေရာတွေအတွက် စစ် တပ်အင်အားနဲ့ပါ လုံခြုံရေးယူသွားဖို့ စီစဉ်ထားတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေး ဌာနရဲ့ ညွန်ကြားရေးမှူး ရဲမှူးကြီး မျိုးသန့်က ပြောပါတယ်။
2015-10-25
မန္တလေးအခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများကွန်ယက် Election Observers Network, Mandalay က (No Abuse of Religions in Politics ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးခြင်းမပြုရ ) လို့ အမည်ပေးထား တဲ့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စာအုပ်တွေကို ဒီရက်ပိုင်းအတွင်း အခမဲ့ဖြန့်ဝေလိုက်ပါတယ်။
2015-10-25
အစိုးရစစ်တပ်ဟာ SSPP/SSA ရှမ်းမြောက်အဖွဲ့ရဲ့ အခြေတပ်စခန်းဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်အနီးကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက် တိုးလာ တယ်လို့ SSPP/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
2015-10-25
ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့နဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးရဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-25
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်ရေးသားလှုံဆော်နေမှုတွေကို တိုင်ကြားထားပေမယ့်လည်း အာဏာပိုင်တွေဖက်က အရေးယူဆောင်ရွက်တာတွေ နှောင့်နှေးလွန်းတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ထောက်ပြလိုက်ပါတယ်။