သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-20
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ ကွတ်ခိုင်မြို့နယ်တွေက အစိုးရ တပ်စခန်းတွေကို KIA/KIO၊ တအာင်းပလောင် TNLA စတဲ့ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဟာ လက်ရှိ အစိုးရ သွားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ် လို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2016-11-20
ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို KIA/KIOနဲ့ TNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။
2016-11-19
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ပွဲစားတွေပူးပေါင်း ပြီး နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထား သူတွေအပေါ် သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတယ် ဆိုပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) က နိုင်ငံတော်အတိုင်ပင်ခံ ရုံးထံ နိုဝင်ဘာ ၁၇ ရက်နေ့က တိုင်ကြားစာပေး ပို့လိုက်ပါတယ်။
2016-11-19
ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်မယ့် စာတမ်း ဖတ်ပွဲမှာ နိုင်ငံရေး စာရေးဆရာအချို့ရဲ့ စာတမ်းတွေကို တောင်းယူပြီးမှာ ချန်လှပ်ခံရတဲ့ အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-11-19
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို ကျူးလွန်တဲ့ မုဒိန်းမှုတွေဟာ ဒီနှစ်အတွင်းမှာ အမှုပေါင်း ၃၀၀ လောက်ရှိနေတဲ့အတွက် အဲဒီလိုဖြစ်စဉ်တွေ၊ ကလေးသူငယ်တွေရဲ့ စိုးရိမ်မှုတွေ၊ အစိုးရရဲ့လုပ်ဆောင်မှုကို သုံးသပ်ထားတာတွေကို လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ အစီရင်ခံသွားမယ်လို့ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
2016-11-17
ရမည်းသင်းမြို့နယ်ကနေ ရွေးကောက်ပွဲအောင်နိုင်ခဲ့ တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ က ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) က ကိုယ်စားလှယ် ၂ ဦးကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က တရားမဲ့ပြုကျင့်မှုနဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ဒီနေ့ပယ်ဖျက်လိုက် ပါတယ်။
2016-11-17
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ထီးလိုမင်းလိုဘုရားကို ပြုပြင်ဖို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကို ခွင့်ပြုလိုက်တဲ့ ဂေါပကအဖွဲ့ကို ဒီတစ်ပတ်အတွင်း စစ်ဆေးသွားမှာဖြစ်ပြီး အမှန်တကယ် ခွင့်ပြုခဲ့တယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
2016-11-16
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရတပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေဟာ စိတ်ပိုင်းဆိုင်ရာ မှာ ခြောက်ခြားနေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။
2016-11-16
ရန်ကုန်စည်ပင်က မြို့တွင်း ၆ မြို့နယ်က အဆောက်အဦးတွေကို ငလျင်ဒဏ်ခံနိုင်မှု အနေအထားတွေ စစ်ဆေးဖို့ ဆောင်ရွက်နေသလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရေးကြီး အဆောက်အဦ ၅၀ ကျော်ကိုလည်း ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် UN-Habitat အကူအညီနဲ့ ငလျင်ဒဏ်ခံနိုင်မှု အနေအထားတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ဆောင်ရွက်နေပါတယ်။
2016-11-16
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက် ရှာဖွေတူးဖော်ကြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား မကြာခဏ ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဘက်က ပစ်ခတ်မှုတွေရှိသလို ရေမဆေးကျောက်ရှာဖွေသူတွေကလည်း ကုမ္ပဏီလုပ်ကွက်ထဲ ဝင်ရောက်ရှာဖွေတဲ့အတွက် တင်းမာမှုတွေ ရှိနေပါတယ်။
2016-11-16
စစ်ကိုင်းမြို့၊ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမား တစ်ရာကျော်ဟာ အလုပ်အကိုင်ရှာဖို့ အခက်အခဲတွေ ဖြစ်နေတာကြောင့် အလုပ်သမားတစ်ရာကျော် ကိုယ်စား ၉ ဦးက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ တွေ့ခွင့်တောင်းခဲ့ပေမယ့် စည်ပင်သာယာရေးဝန်ကြီးနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။
2016-11-16
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ စစ်တွေမြို့က ရခိုင်နဲ့ မွတ်စလင်နှစ်ဘက် ရပ်မိရပ်ဖတွေဟာ လက်ရှိမောင်တောဒေသ မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေဟိုတယ်မှာ ဒီကနေ့ သီးခြားစီတွေ့ဆုံဆွေးနွေးကြပါတယ်။
2016-11-16
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ သတင်းမီဒီယာဥပဒေတွေကို အများပြည်သူရဲ့ သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့ Pen Myanmar ကဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-11-14
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven Media Group CEO နဲ့ အယ်ဒီတာချုပ်တို့အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အရေးယူမှုကို သတင်းမီဒီယာကောင်စီက ကြားဝင် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးဖို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီဥက္ကဌ ဦးဖိုးသောကြာ ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-11-14
၁၆ ကြိမ်မြောက် KNU ညီလာခံကို နိုဝင်ဘာလအတွင်း ကျင်းပရမှာဖြစ်ပေမယ့် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေး ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ချိန်ရဖို့ ၂၀၁၇ ခုနှစ် မတ်လမှာပြုလုပ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။