သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-13
သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး အဲဒီစီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ဖွဲ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
2015-08-13
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲ ဥက္ကဌအဖြစ် အရင်က ဒုတိယဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးဌေးဦးကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်လိုက်ပါတယ်။
2015-08-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပအိုဝ်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ပြည်နယ်လွှတ်တော် နေ ရာတွေမှာ ရွေးကောက်ပွဲမဝင်ဖို့ ပအိုဝ်း ဌာနေပြည်သူ့စစ် PNA က ဒုတိယ စစ်ဦးစီးမှုး ဦးခွန်ချစ်လယ် က ဆီဆိုင်မြို့နယ် အန်အယ်လ်ဒီ ပါတီ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။
2015-08-13
ရေဘေးသင့်ဒေသတွေမှာ အခြေခံစားသောက်ကုန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ့် စားသောက်ကုန်အရောင်းဆိုင်တွေကို ဖွင့်လှစ်ဖို့ မြန်မာနိုင်ငံ ကုန်သည်များ နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဆန်၊ ဆီ၊ ပဲနှမ်း၊ ကြက်သွန် စတဲ့ စားသောက်ကုန်လုပ်ငန်းရှင်တွေ ဆုံးဖြတ်ခဲ့ကြပါတယ်။
2015-08-13
ရေဘေးဒုက္ခရောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ ရေတွင်း ရေကန်တွေ ညစ်ညမ်းကုန်လို့ သောက်သုံးရေရအောင် အမြန်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
2015-08-12
ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်း ယန် စတဲ့ မြို့နယ်တွေက ကျေးရွာအုပ်စု ၁၀၀ ကျော်မှာ နယ်မြေမတည်ငြိမ်တာကြောင့် အခုချိန် ထိ မဲပေးခွင့်ရှိသူ စာရင်းတွေ ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။
2015-08-10
၂၀၁၃ ခုနှစ်ကပြဌာန်းခဲ့တဲ့ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဥပဒေရဲ့ အနှစ်သာရနဲ့ အဲဒီ ဥပဒေ ပုဒ်မ ၂၇ ပါ ပြဌာန်းချက်ကို ကိုးကားပြီး သဘာဝဘေးအန္တရယ်နဲ့ ပတ်သက် လို့မမှန်သတင်းလွှင့်ရင် အရေးယူနိုင်တယ် လို့ တာဝန်ရှိသူတစ်ဦးက သတိပေးခဲ့တာကို အခြေခံ ပြီး AHRC အာရှလူ့အခွင့်အရေးကော်မရှင် က မြန်မာ့ ဥပဒေရေးရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-08-10
ပြီးခဲ့တဲ့ သတင်းနှစ်ပတ်ကျော်က ရေလွှမ်းမိုးခဲ့ဲတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ရုပ်ရှင်သရုပ်ဆောင် ဝေ ဠုကျော် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်း ကနေ ရေဘေးကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ ပါတယ်။
2015-08-10
နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီနေ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။
2015-08-10
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ဆေးရုံမှာ သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ် ၆ဝ ကျော်လောက် တက်ရောက် ကုသခံယူနေရပါတယ်။ ဆေးရုံမှာရှိတဲ့ ကုတင်နဲ့တောင်မဆံ့ပဲ တန်းလျားတွေထိုးပြီး ကုသပေးနေရတယ်လို့ လားရှိုးဆေးရုံက ဒုတိယဆေးရုံအုပ် ဒေါက်တာ ဒေါ်ဇင်ဇင်သန်းဝေက ပြောပါတယ်။
2015-08-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က မင်းဘူးမြို့မှာ မကွေးတိုင်းက ရွေးကောက်ပွဲဝင်ဖို့ လျာထားသတ်မှတ်ခံထားရတဲ့ NLD ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
2015-08-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှာရှိတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်က လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ၊ အောင်နိုင်ရေး အဖွဲ့ဝင်တွေနဲ့ ဒီနေ့ တောင်ငူမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2015-08-06
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေ သကြီးက ရေဘေးသင့်နေတဲ့ဒေသတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက စားနပ်ရိက္ခာနဲ့ ရေသန့်ဆေးပြားတွေကို ကယ်ဆယ်ရေးအတွက် လုပ်ဆောင်ပေးနေပါတယ်။
2015-08-05
ဧရာဝတီမြစ်ရေ မြင့်တက်မှုဟာ စိုးရိမ်ရေမှတ်ကို ကျော်နေပြီဖြစ်တာကြောင့် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်နဲ့ မအူပင်ခရိုင်တို့မှာ မကြာခင် ရက်ပိုင်း အတွင်း ရေလွှမ်းမိုးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
2015-08-05
ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီရက်ပိုင်းအတွင်း မိုးကြီးပြီး မြေပြိုတာကြောင့် လူနေအိမ် နှစ်ထောင်နီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။