သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-13
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆက်ပြီးလုပ်သင့် မသင့် လေ့လာသုံးသပ်ဖို့ ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေးကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီကနေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-08-13
အစိုးရသစ် လက်ထက်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းက တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမ ၂၇ဝဝ ကျော်ကို သြဂုတ်လ ၁၁ ရက်နေ့မှာ လက်ထောက်ကထိက ရာထူးတိုးပေးလိုက်ပါတယ်။
2016-08-12
၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က သဘော ထားကြီးကြီးထားပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်လာအောင် စည်းရုံးလမ်းဖွင့်ပေးဖို့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က ရခိုင် အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် က ပြောလိုက်ပါတယ်။
2016-08-11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် သြဂုတ် ၁၇ ရက်နေ့ တရုတ်နိုင်ငံသို့သွားရောက်မယ့် ခရီးစဉ် တွင်း နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြုပ်နှံမှုကိစ္စအပြင် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်လို့လည်း အဓိက ဆွေးနွေးနိုင် တယ်လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံရေးလေ့ လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
2016-08-11
ကုန်သွယ်လုပ်ငန်းခွန်တွေ စနစ်တကျကောက်ခံဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားချက် အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့မြောက်ပိုင်းက နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်ခွန် ကောက်ခံနေမှုအခြေအနေတွေကို စတင်စစ်ဆေးနေပါတယ်။
2016-08-11
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ မြန်မာသံရုံး ကော်မတီဝင်အဖြစ်က နှုတ်ထွက်လိုက်တာနဲ့ ပတ်သက်ပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာများအဖွဲ့ (BAT) က မဦးကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-11
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေးနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရသစ်အနေနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးက ဝေဖန်လိုက်ပါတယ်။
2016-08-10
မြန်မာနိုင်ငံအထက်ပိုင်းကစတင်ခဲ့တဲ့ ရေဘေးဟာ အခုဆိုရင် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ် ဝကျွန်းပေါ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
2016-08-10
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
2016-08-09
NLD ဦးဆောင်တဲ့ အစိုးရသစ်က ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဟာ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆက်နွယ်နေပြီး ဒီရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာလည်း အသေးစိတ်ဖော်ပြထားတာ မတွေ့ရဘူးလို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်လိုက်ပါတယ်။
2016-08-09
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကေ်ာမရှင်ကို အသစ်ပြည်လည်ဖွဲ့စည်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြီးခဲ့တဲ့ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့ပါတယ်။
2016-08-09
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော် ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်း က ပြောပါတယ်။
2016-08-08
၂၁ ရာစုပင်လုံညီလာခံ အဆင်ပြေချောမွေ့စေရေး အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ပါတီဌာနချုပ်မှာ ၂ ရက်ကြာ ကျင်းပတာဖြစ်ပါတယ်။
2016-08-07
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ဆန် ရိက္ခာကူညီဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် သိန်း ၅၂ဝ ကျော် လျာထားပါတယ်။
2016-08-07
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမားအရေး ကူညီသူတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ခေါ် ယူမေးမြန်းမှုတွေ ခံနေရသလို ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။