သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-12
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပန်ခမ်းတံတားအနီးက လောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2018-05-12
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တဝိုက်ကို TNLA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာကနေ ပြည်သူ့စစ်အဖွဲ့၊ ရဲတပ်ဖွဲ့တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2018-05-12
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ သမ္မတအိမ်တော် (အိမ်ဖြူတော်) ရှေ့မှာ ကချင်ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ စစ်ပွဲတွေရပ်ဖို့၊ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ဖို့ ကချင်၊ ရခိုင်၊ ချင်းနဲ့ ကရင်လူမျိုးတွေ မနေ့က ဆုတောင်းပွဲပြုလုပ်ပါတယ်။
2018-05-11
ဥပဒေအရ ညီတူညီမျှ ခံစားခွင့်ဆုံးရှုံးနေတဲ့ ဘယ်လိုအမှုမျိုးကိုမဆို ကူညီမယ်လို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကပြောပါတယ်။
2018-05-11
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အတွက် မနက်ဖြန် ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးပေမယ့် ဆက်လုပ်သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
2018-05-11
မြန်မာစာနယ်ဇင်းသမဂ္ဂ - MJU ရဲ့ ၂ဝ၁၈-၂၀၁၉ နှစ်ပတ်လည်ပွဲအခမ်းနာကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှုး ၊ဘဏ္ဍာရေးမှုး စတဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ရွေးချယ်ခဲ့ပါတယ်။
2018-05-10
KNU ထိန်းချုပ်နယ်မြေတွေမှာ မြန်မာ့တပ်မတော်က စစ်အင်အားဖြည့်နေတဲ့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ NCA စာချုပ် ချိုးဖောက်ရာရောက်နေပြီဖြစ်လို့၊ ငြိမ်းချမ်းရေး ရအောင် NCA လမ်းကြောင်းအတိုင်းလျှောက် လှမ်းဖို့ကို အယုံအကြည်ကင်းမဲ့လာပြီလို့ KNLA ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ်က ဒီနေ့ထုတ်ပြန်ကြေညာလိုက် ပါတယ်။
2018-05-10
မေလ ၉ ရက်နေ့ မနေ့ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စုအတွင်းက နေအိမ်အလုံးပေါင်း ၁ဝဝ ကျော် ပျက်စီးခဲ့ပြီး စေတီနှစ်ဆူ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
2018-05-10
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူတွေ နဲ့ ပိတ်မိနေသူတွေကို ပြည်နယ် ကြက်ခြေနီအသင်း က ကူညီထောက်ပံ့နေပါတယ်။
2018-05-09
ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIO/ KIA ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA တို့က ကေအိုင်အိုကို စစ်ရေး နိုင်ငံရေးအရ ဝန်းရံသွားမယ်လို့ မနေ့က ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-05-09
ရိုက်တာသတင်းထောက်တွေရဲ့အမှုမှာ အမှန်အတိုင်းထွက်ဆိုတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ပြည်ထဲရေးက ပြစ်ဒဏ်ချထားတဲ့ကိစ္စအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) မှာပြဌာန်းထားတဲ့အတိုင်း စာချွန်တော်တက်နိုင်ဖို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်ကကြိုးစား နေပါတယ်။ ဒီအတွက် ဦးမိုးရန်နိုင်နဲ့တွေ့ဖို့ ဒီနေ့ထောင်ကို သွားပြီးခွင့်တောင်းပေမယ့် အကျဉ်းဦးစီးက တွေ့ခွင့်မပေးသေး ဘူးလို့ ဆိုပါတယ်။
2018-05-09
ရခိုင်ပြည်နယ်ထဲ NVC ကတ် ကိုင်ထားသူတွေအနေနဲ့ ပုံစံ (၄) ကို ဖြည့်စွက်လျောက်ထားပြီး ခွင့်ပြုချက်ရမှ ခရီးသွားလာခွင့်ရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူုး ဦးအောင်မင်းက ပြောပါတယ်။
2018-05-09
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာရွာနဲ့ သပြေရေရွာက လယ်ယာမြေပြဿနာကြောင့် အဖမ်းခံနေရတဲ့ တောင်သူ ၉ ယောက် တိမ်းရှောင်နေရတဲ့တောင်သူ ၁၃ ယောက် အမှုဟာ ၂ နှစ်နီးပါးကြာပြီဖြစ်ပေမယ့်၊ တရားရုံးက ဆုံးဖြတ်ချက်မပေးနိုင်သေးဘဲ ဖြစ်နေပါတယ်။
2018-05-09
ကချင်ပြည်နယ်အတွင်း တောတောင်တွေထဲ ပိတ်မိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးတွေနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာ မျိူးညွန့်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-05-09
ဥရောပရောက် ဗုဒ္ဓဘာသာလူငယ်တွေ တွေ့ဆုံပြီး ဘာသာရေးနဲ့၊ ယဉ်ကျေးမှုအကြောင်းတွေ ဆွေးနွေးပြီး ဆက်လက်ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် ‘ဥရောပလူငယ်ဗုဒ္ဓဘာသာဖိုရမ်’ ကို ဇူလိုင်လအတွင်း ဒိန်းမတ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။