သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-21
အခုလာမယ့် ၂၀၂၂ အာဆီယံဥက္ကဋ္ဌအသစ် ပြောင်းလွှဲချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ရပ်တည်ချက် ပြောင်းလဲသွားမလားဆိုတာ စိုးရိမ်နေကြပါတယ်။
2021-12-21
မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်းအထန် ဖိနှိပ်နေချိန်မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာသံဃာတော်တချို့ကို ပြည်သူလူထုအတွင်း ဝေဖန်မှုတွေ မြင့်မားလာနေပါတယ်။
2021-12-20
အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေသလို ဒုက္ခသည်တွေလည်း ရာနဲ့ချီပြီး ရှိလာနေပါတယ်။
2021-12-13
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကဲဘာရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာကို မီးရှို့သွားခဲ့တယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ပြောပါတယ်။
2021-12-08
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြနေတဲ့လူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ပြီးနောက် အဲဒီနေရာမှာရှိနေတဲ့ လူငယ် ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
2021-12-08
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာမှာ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်သား တွေရဲ့ မီးရှို့သတ်ဖြတ်တာခံလိုက်ရတဲ့ ရွာသား ၁၁ ယောက်ထဲက ကိုဇင်မင်းထွန်းရဲ့ဇနီးကို RFA က ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားပါတယ်။
2021-12-07
တနင်္သာရီတိုင်း ထားဝယ်မြစ်လယ်က ဆင်ဖြူရှင်ကျွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ - ၄၀၂) က နယ်မြေရှင်းလင်းရေး ဆိုပြီး သွားရောက်ခဲ့ရာမှာ နေအိမ်တစ်ချို့ကို မီးရှို့ခဲ့ရကြောင်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ CDM အရာရှိ တစ်ယောက်က RFA ကို ပြောပါတယ်။
2021-12-06
ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူ လူငယ်တွေကို စစ်ကောင်စီ တပ်သားတွေက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့လို့ သေဆုံးသူ ငါးဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ၊ အဖမ်းခံရသူတွေလည်း ရှိခဲ့ပါတယ်။
2021-12-03
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့် အနေနဲ့ ချက်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်သက်တမ်းတိုးပေးဖို့ ချက်အစိုးရက ခွင့်ပြုလိုက်ပါတယ်။
2021-11-29
အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်ဆေးမယ့်အမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အားလုံးကိုပါထည့်သွင်းတင်ပြသွားမယ်လို့ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့က ပြောပါတယ်။
2021-11-29
အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြုံရနိုင်ဖွယ်ရှိပြီး နောက်ထပ်အမှုတွေကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ စီရင်ချက်ချဖို့ စစ်ကောင်စီဘက်က စီစဉ်ထားပါတယ်။
2021-11-27
တရုတ်နိုင်ငံဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပေမယ့်၊ အာဏာမသိမ်းခင်က အခြေအနေအတိုင်း ပုံမှန်ဆက်ဆံရေး တည်ထောင်ထားပြီးပြီလို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်တဲ့ Jason Tower က RFA နဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်။
2021-11-26
အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြည်သူတွေအတွက် မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ထမ်းချင်တာကြောင့် တော်လှန်ရေးဆက်လုပ်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေတဲ့ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောလိုက်ပါတယ်။
2021-11-24
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF-UGF မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း တစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာ ပြောက်ကျားတပ်ဖွဲ့ဝင် တွေက ကြိုတင်သိရှိပြီး မိုင်းထောင် ဆုတ်ခွာသွားတဲ့အတွက် လူသူလက်နက် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
2021-11-23
ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အတွက် ပါဝင်လှုပ်ရှားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ရှေ့နေ ထုံခမ်းကျင်းကို စစ်ကောင်စီက အောက်တိုဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။