သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-19
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် ငွေတိုက်စာချုပ် (Bond) လေးမျိုးကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုးထိ NUG အစိုးရက ထုတ်ရောင်းဖို့ပြင်ဆင်နေပါပြီ။
2021-10-19
ချင်းပြည်နယ် ဟားခါးအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တပ်ကြပ်ကြီးစာရေး ရာထူးတာဝန်နဲ့ အာဏာဖီဆန်ရေး CDM လုပ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ဟင်လျန်ပြန်းဟာ ချင်းပြည်နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ CDF နဲ့ ပူးပေါင်းကာ တော်လှန်ရေးထဲမှာ ပါဝင်သွားမယ်လို့ ပြောပါတယ်။
2021-10-19
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာသူတွေအထဲမှာ စာရေးဆရာမ တူးတူးသာလည်း ပါဝင်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ညက သားဖြစ်သူ ကိုဉာဏ်လူသစ်၊ သားရဲ့သူငယ်ချင်း ကိုသီဟစိုး၊ မောင်ဖြစ်သူ ကိုရဲနောင်တို့နဲ့အတူ သန်လျင်ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ သူတို့လေးဦးစလုံး ပြန်လွတ်လာပါတယ်။
2021-10-14
ချင်းပြည်နယ် မင်းတပ်မြို့အတွင်း စစ်ကောင်စီက တင့်ကား နှစ်စီး အပါအဝင် ခြေလျင်တပ်၊ အမြောက်တပ်တွေပါ တိုးပြီးချလာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးတင်းမာနေတဲ့ လမ်းပိုင်းတွေကို ရှောင်ရှားကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းတပ် CDF က တိုက်တွန်းလိုက်ပါတယ်။
2021-10-13
မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ဆိုပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့ တိုက်တွန်းမှု အပါအဝင် အာဆီယံက ခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ဝင်ဖို့ကိစ္စ ကြန့်ကြာနေတဲ့အတွက် ဘာကြောင့်လဲဆိုတာ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2021-10-12
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းအဖွဲ့ဟာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို အပတ်စဉ် ကြေးနန်းသတင်းတွေ ပို့ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေက တိုင်းပြည်စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်အောင် ပြုလုပ်နေကြတဲ့အတွက် တပ်မတော်က တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်နေရတယ်ဆိုပြီး ယုံကြည်အောင် လုပ်ဆောင်နေကြတယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ပုသိမ်အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်းက ဗိုလ်ကြီး နိုင်လင်း က ပြောပါတယ်။
2021-10-12
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်ပန်မြစ်ကျောတလျှောက် ဧက ၈၀၀ အကျယ်အဝန်းမှာ မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး လာရောက်တူးဖော်မယ့် စီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေပါတယ်။
2021-10-11
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို EU ဥရောပသမဂ္ဂပါလီမန်မှာ အသိအမှတ်ပြုလိုက်တာဟာ ပြည်သူတွေရဲ့စစ်အာဏာရှင်တော်လှန်ရေးအတွက် အလားအလာကောင်းဖြစ်တယ်လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG အစိုးရရဲ့ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။
2021-10-10
မြန်မာပြည်မှာ စစ်အာဏာရှင် အမြန်ပြုတ်ကျရေး နဲ့ ဒီမိုကရေစီရေးအတွက် ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့ တော်လှန်ရေးနယ်မြေ တစ်ခုမှာ ရောက်နေတဲ့ ကလေးမြို့ စက်မှု အထက်တန်းကျောင်းက ဆရာမ ဒေါ်ရတီအုန်းက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
2021-10-09
မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ သပိတ်နဲ့ မန္တလေးအမျိုးသမီးသပိတ်မှာ ဦးဆောင်လှုပ်ရှားနေတဲ့ မအေးမြင့်အောင်အောင် ရဲ့ နွေဦးတော်လှန်ရေး ခံယူချက်နဲ့ အနာဂတ် မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။
2021-10-08
ပြည်သူတွေကို ရက်စက်စွာ ချေမှုန်းပြလိုက်ခြင်းအားဖြင့် ကြောက်ရွံ့ငြိမ်ဝပ်သွားလိမ့်မယ်လို့ စစ်အာဏာရှင်တွေက တွက်ဆခဲ့ပေမယ့် လက်ရှိ မြန်မာလူထုရဲ့ အသိဉာဏ်က အာဏာရှင်တွေထက် တဆင့်ပိုမိုမြင့်မားနေတဲ့အတွက် ကြောက်ရွံ့ပိပြားမယ့်အစား ထွက်ပေါက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ်က လက်ထောက်ကထိက စိတ်ပညာဆရာဝန် ဗိုလ်ကြီး ဒေါက်တာကျော်သီဟ က RFA ကို ပြောပါတယ်။
2021-10-06
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မူလတပ်ရင်း တစ်ရင်းအပြင် နောက်ထပ် အရန်တပ်ရင်းတစ်ရင်း တိုးချဲ့ဖွဲ့စည်းနေပါတယ်။ ဒီအတောအတွင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းကို အထူးစစ်ဆင်ရေးပြုလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။
2021-10-05
အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံကို လာတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ပြောသလို၊ မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တိုးတက်မှုဖြစ်မလာဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2021-10-05
၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လွတ်လပ်တဲ့ အာရှအသံ RFA ရေဒီယိုဟာ ၂၀၂၁ ခုနှစ်မှာ ၂၅ နှစ် ပြည့်ခဲ့ပါပြီ။ RFA သတင်းဌာနရဲ့ အစီအစဉ်တွေကို ဘာသာစကားကိုးမျိုးနဲ့ ထုတ်လွှင့်နေရာမှာ မြန်မာဌာနကို ၁၉၉၇ နှစ်မှာ သတင်းသမားသုံးဦးနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
2021-10-05
မန္တလေးမြို့မှာ နေ့စဉ်ဆိုသလို လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးပစ်ခတ်တာ ခံခဲ့ရပါတယ်။