သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-20
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို သံဃာထုက ရွေးချယ်တင်မြှောက်တဲ့ သံဃာ့အဖွဲ့အစည်း ဖြစ်ဖို့အတွက် သံဃာတော်တွေ စုပေါင်းတောင်းဆိုတဲ့ လက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီဇင်ဘာလကုန်အထိ ကောက်ခံသွားမယ်လို့ သိရပါတယ်။
2014-11-19
အင်းစိန်ထောင်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ ကိုဝေဠုကို RFA ဝိုင်းတော်သား
ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2014-11-18
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ က ပြောပါတယ်။
2014-11-18
မကွေးတိုင်း၊ ချောက်မြို့ကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၄ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတစ်လျှောက်မှာလည်း ဒီရက်ပိုင်းအတွင်း ငလျင်ငယ်လေးတွေ မကြာခဏလှုပ်နေပါတယ်။
2014-11-17
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် တာဝန်ရှိ သူတွေက ဒုတိယအကြိမ်အဖြစ် မော်လမြိုင်မြို့မှာ ၃ရက်ကြာ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။
2014-11-17
အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြနေကြတာနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER ရဲ့ မူဝါဒရေးရာအဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-11-08
နေပြည်တော်မှာ မကြာသေးခင်က ခေါင်းဆောင် ၁၄ ဦးတွေ့ဆုံခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် ခရီးစဉ်အပါအဝင် NLD ပါတီရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်မူဝါဒတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-11-07
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးမှာ မနေ့က တူးဖော်ခဲ့ပါတယ်။
2014-11-06
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ အစီအစဉ်အရ လိပ်ကျွန်းလူသတ်မှုနဲ့မှာ စွပ်စွဲခံရတဲ့ လူငယ် ၂ ဦးရဲ့မိဘတွေကို မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းကို မြန်မာလေဆိပ် အာဏာပိုင်တွေက ထွက်ခွာခွင့် ခေတ္တပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
2014-11-05
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းမီဒီယာတွေနဲ့ အစိုးရကြားဖြစ်ပွားနေတဲ့ ပြဿနာတချို့ဟာ ပုဂ္ဂိုလ်စွဲတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကြောင့်လို့ ဝါရင့်သတင်းစာဆရာ ဦးဖိုးသောကြာက သုံးသပ် လိုက်ပါတယ်။
2014-11-04
ပြီးခဲ့တဲ့ စနေနေ့ထုတ် အစိုးရသတင်းစာတွေမှာ အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၂၇ ဦးဟာ ရာဇဝတ်ပြစ် မှှုတွေအရ အရေးယူထားတာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က AAPP အဖွဲ့က ကြေညာချက်ထုတ်ပြန်ထား ပါတယ်။
2014-11-03
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတဲ့ အတွက် အလောင်းပြန်ဖေါ်ပြီးစစ်ဆေးတာကို သက်ဆိုင်ရာမိသားစုနဲ့ အာဏာပိုင် အဖွဲ့တွေတင် မကပဲ သတင်းဌါနတွေနဲ့လွတ်လပ်တဲ့အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း စောင့် ကြည့်လေ့လာခွင့်ပြုဖို့ လိုအပ်တယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
2014-11-03
နိုဝင်ဘာလ ၂ရက်နေ့မှာ ကျရောက်တဲ့ သတင်း သမားတွေအပေါ် ပြစ်မှုကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတာတွေ အဆုံးသတ်စေရေး နိုင်ငံတကာနေ့ ( International Day to End Impunity)အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံမှာသတင်းသမားတွေ အပေါ်ဖိနှိပ်ချုပ်ချယ်တာတွေ နောင်မှာမရှိစေဖို့ အတွက်သတင်းမီဒီယာသမားတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ တနင်္ဂနွေနေ့ က ဆန္ဒပြခဲ့ကြပါတယ်။
2014-11-01
ဖမ်းဆီးခံထားရစဉ် အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အီလီနွိုုက်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ် စတဲ့ပြည်နယ်တွေက မြန်မာနိုင်ငံအရေး လှှုပ်ရှား သူတွေဟာ မနေ့က ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံး၊ သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-01
နေပြည်တော်က သမ္မတအိမ်တော်မှာ ပြီးခဲ့တဲ့ သောကြာနေ့ မနက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အခြေအနေပေါင်းစုံကို တင်ပြခဲ့ကြတာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်၊ ဦးခွန်ထွန်းဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-11-01
မနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဒီဆွေးနွေးပွဲမှာပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိူးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက သုံးသပ်ပါတယ်။
2014-10-31
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိတ်ကြားခဲ့တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဲဒီ့အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-10-30
အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ ထိ တစ်ပတ်ကြာ ကျင်းပပြီးစီးခဲ့တဲ့ KNU ဗဟို ကော် မတီ အရေးပေါ်အစည်းကနေ ကော်သူလေး တပ်မတော် KAF ဖ့ွဲစည်းမှုကိုမူအားဖြင့် ထောက်ခံ တဲ့အကြောင်းနဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီနဲ့ ပူးပေါင်းမှုကို ယာယီရပ်ဆိုင်းထားဦးမယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2014-10-30
ကာကွယ်ရေးဝန်ကြီးဌာနက ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ထပ်တိုးဘတ်ဂျက် တောင်းခံခဲ့တာနဲ့ ပတ်သက်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက အဲဒီတောင်းခံငွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘတ်ဂျက်အတွက်ပြောင်းလဲပေးဖို့ အောက်တိုဘာလ၂၉ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ တင်ပြခဲ့ပါတယ်။
2014-10-28
ပြည်သူ့ဘက်မှာ တချိန်ကရပ်တည်ခဲ့ပေမယ့် ဒီကနေ့လက်ရှိမှာ ဒီမိုကရေစီရေးကို သေးသိမ်အောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီလို မီဒီယာမျိုးတွေကို သတိထားရမှာဖြစ်တယ်လို့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2014-10-28
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ဆန္ဒပြတောင်းဆိုမှုတွေအပေါ် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဝေဖန်လိုက်ပါတယ်။
2014-10-27
ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ် ဖို့ဆိုရင် ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရေးဆွဲဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖဲ့ွချုပ် SNLD ပါတီရဲ့ ၂၆ နှစ်ပြည့်အဖြစ် ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-10-25
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ရဲ့ ဖမ်းဆီးပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ပြန်ရရှိဖို့ ကြိုးပမ်းသွားမယ့်အပြင် တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။
2014-10-25
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက ကနဦးထွက်ဆိုထားတဲ့ ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ချေ အလားအလာတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-10-25
မြန်မာနိုင်ငံက သတင်းထောက်တွေဟာ ပဋိပက္ခများကြားမှာ သတင်းယူတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိလို့ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးရတဲ့ကိစ္စ ဖြစ်ရတယ်လို့ မြန်မာနိုင်ငံမီဒီယာကွန်ရက်က ပြောပါတယ်။
2014-10-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက သူ့အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်ဖို့ လက်ရှိအချိန်အထိ ရည်မှန်းခြင်းမရှိကြောင်း ပြောကြားလိုက်ပါတယ်။
2014-10-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အကြံပြုတင်ပြချက်ဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာသာဖြစ်ကြောင်း၊ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2014-10-22
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့ရဲ့ ဝန်ခံချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်သလို သူတို့ကို ညှင်းပန်းနှိပ်စက်ပြီး ပြစ်မှုကို ဝန်ခံခိုင်းခဲ့တဲ့ စကားပြန်ကို တရားစွဲဆိုအရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
2014-10-21
မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြတာဟာ တစ်ဦးချင်းနာမည်ကြီးတာမျိုးကို မလိုလားတဲ့အတွက်ဖြစ်သလို၊ အစိုးရကို မယုံကြည်တဲ့အတွက်လဲဖြစ်တယ်လို့ မနေ့က ရန်ကုန်မြို့ မြေနီကုန်းမှာ Anonymous Burma အမည်မသိ မျက်နှာဖုံးစွပ်လူငယ်များဆိုပြီး ဆန္ဒပြသွားတဲ့သူတွေက ပြောပါတယ်။
2014-10-18
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုလမ်းညွှန်မှုနဲ့ ဖန်တီးမယ့် မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ရှေ့သီတင်းပတ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရှေ့ပြေးရိုက်ကူးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။