သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-28
ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းကြောင်း သိရပါတယ်။
2012-02-28
သမ္မတ ဦးသိန်းစိန်ရဲ့နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်တပါးဖြစ်သူ အရှင်ဝီရသူက အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အာဏာပိုင်တွေထံ စာရေးသား တောင်းဆိုထားပါတယ် ။
2012-02-14
၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2012-02-08
လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် အထက် မြန်မာပြည် ကသာမြို့မှာ ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ဦးဆောင်ပြီး ကာတွန်းပြပွဲ ကျင်းပဖို့ ကြိုးစားလျက်ရှိရာမှာ ဒေသခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်းရတာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
2012-02-07
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့အရေးယူမှုတွေထဲက စီးပွားရေး အဖွဲ့အစည်းများက ရယူတဲ့ အကူအညီဆိုင်ရာ ပိတ်ဆို့မှု တချို့ကို လျှော့ချပေးခဲ့ပါတယ်။