သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-28
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of Media & Entertainment) မှာ အခုလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2012-08-15
မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်က ပဲ နှမ်း ဝါ စိုက်ပျိုးနေတဲ့ ကျေးရွာ ၁၃ ရွာက ယာမြေဧက တစ်သောင်းကျော်ကို စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ဖို့ စစ်တပ်ပိုင်မြေအဖြစ် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကတည်းက သိမ်းဆည်းခဲ့ပြီး စစ်တပ်က အခကြေးငွေယူကာ သီးစားပြန်ချထားပါတယ်။
2012-08-14
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သလို ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းတာတွေလည်း ရှိခဲ့ပါတယ်။
2012-08-12
(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေးနဲ့ ကိုဌေးကြွယ်တို့ဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေမှာ ဒီကနေ့ ကျင်းပတဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
2012-08-11
ဆရာတော် ဦးသုမင်္ဂလ(ခေါ်) ဒယ်အိုးဆရာတော်ကို အာဏာပိုင်တွေက ၂၀၁၁ ဒီဇင်ဘာလ ကနေ ၂၀၁၂ ဒီဇင်ဘာလ အထိ တရားဟောခွင့် ပိတ်ပင်ထားတာကြောင့် ဆရာတော်ဟာ ဒီဝါတွင်းကာလမှာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ တရားဟောဖို့ လောလောဆယ် ဂျပန်နိုင်ငံမှာ ရောက်ရှိ သတင်းသုံးပြီး တရားဟောကြားနေပါတယ်။
2012-08-11
လယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ အဖွဲ့ချုပ် တခု ပေါ်ပေါက်ရေး ကြိုးပမ်းနေရာမှာ မနေ့ကထိ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ကျေးရွာအုပ်စုလိုက် သမဂ္ဂ ၆ နေရာမှာ ဖွဲ့စည်းပြီးသွားပြီလို့ သိရပါတယ်။
2012-08-08
ဗကပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ၁၉၈၈ အရေးတော်ပုံမှာ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီက ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုကို ပြန်ကြည့်တဲ့အခါ အားနည်းချက် အားသာချက်တွေရှိပြီး ဘယ်တုန်းကနဲ့မှ မတူအောင် လူတန်းစားပေါင်းစုံ ညီညွတ်တဲ့ အုံကြွ လှုပ်ရှားမှု ဖြစ်ခဲ့တာ တွေ့ရမှာဖြစ်ကြောင်း ပြောဆိုရင်း ရှစ်လေးလုံးမှာ ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
2012-08-08
၈ လေးလုံး အရေးတော်ပုံအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားရတဲ့ သံဃာတော်တွေထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်က ၁ ပါး၊ မြို့ဦးကျောင်းက ၈ ပါး၊ ဓမ္မသုခ ကျောင်းတိုက်က ၆ ပါးနဲ့ ဗဟန်းမြို့နယ် ကာလကတ္တား ကျောင်းတိုက်က ၃ ပါး ပါဝင်တယ်လို့ ရန်ကုန်မြို့ ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍဝံသ ခေါ် ဦးပဉ္စင်း ဦးပြည်ကျော်က မိန့်ကြားပါတယ်။
2012-08-08
မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ ညီပုလေးက ၈၈ အရေးတော်ပုံ ကာလအတွင်းမှာ မိခင် လူထုဒေါ်အမာ အပါအဝင် အဒေါ်တွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို စာရေးဆရာ ဝင်းစည်သူနဲ့အတူ လူထု သတင်းစာတိုက်ကို အခြေခံပြီး "၈ လေးလုံး"ဆိုတဲ့ သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။
2012-08-07
ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှုတွေ ကာလ ကြာရှည်လာတဲ့အပေါ် မူတည်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။
2012-08-07
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ အလုပ်သမား လူတန်းစား ပါဝင်လာခဲ့ပြီး စစ်အစိုးရအာဏာ သိမ်းပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးမှာ ဝန်ထမ်း ငါးထောင်ကျော် အလုပ်ဖြုတ် ခံလိုက်ရတယ်လို့ အဲဒီကာလက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဇော်ညွန့် ခေါ် အာကာဟိန်းက ပြောပါတယ်။