သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-28
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအနီးက ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတဲ့ နေရာမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ဒေသဆိုင်ရာအာဏာပိုင်တွေက ဒီကနေ့မနက် ၃ နာရီကျော်မှာ အင်အားသုံး ဝင်ရောက်ဖြိုခွဲခဲ့ ပါတယ်။
2012-11-25
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မှာ ၂ ရက်ကြာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲဟာ ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2012-11-23
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် က တိုင်းရင်းသား လူငယ်ကျောင်းသားတွေ ရာနဲ့ချီပြီး မနေ့ညက စစ်ကိုင်းကနေ မန္တလေးမှာ ရှိတဲ့ သူတို့ကျောင်းဟောင်းကို ပြန်ပြီးလမ်းလျှောက် ချီတက်လာသလို၊ ဒီနေ့တစ်နေ့လုံး မူလကျောင်းရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2012-11-20
ကမ္ဘာမှာစစ်အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ စစ်တပ်ဟာ ပြည်သူရဲ့စိုးမိုးမှုအောက်မှာပဲရှိတယ်လို့ အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောသွားတဲ့စကားဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်က RFA နဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောလိုက်ပါတယ်။
2012-11-04
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ၂၃ ရက်နေ့ အထိ ချက်ပြည်သူ့ သမ္မတ နိုင်ငံမှာ ကျင်းပတဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ Forum 2000 ပွဲနဲ့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်နေ့ အထိ ဘေလာလူ့-မြန်မာဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ NLD ပါတီ ပြည်သူ့လွတ်တော် ကိုယ်စာလှယ် ဦးအုန်းကြိုင် မနေ့က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိပါတယ်။ ဆွေးနွေးပွဲအတွေ့အကြုံများကို ဦးအုန်းကြိုင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။