သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-31
လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရေး မူဝါဒနဲ့ ပတ်သက်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2014-12-31
နော်အုန်းလှ၊ ဦးနေမျိုးဇင်နဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူတချို့တို့ကို ဖမ်းဆီးပြီး ပုဒ်မတွေ အများကြီးတပ်လိုက်တာဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် တက်ကြွလှုပ်ရှားသူတွေကို ကြိုတင်ရှင်းလင်းတဲ့ သဘောဖြစ်နေပြီလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောလိုက်ပါတယ်။
2014-12-30
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယန်ဖီး (Mr. Dong Yunfei) နဲ့ ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို မနေ့ညက ထုတ်လွှင့် ခဲ့ပါတယ်။ အခု ဒုတိယပိုင်းကိုနားဆင်ရမှာ ဖြစ်ပါတယ်။
2014-12-30
အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့် မသင့်ကို နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှာ မနေ့ကစတင်ပြီး စစ်တမ်းကောက် ယူနေပါတယ်။
2014-12-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖြစ်ပွားနေ တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယန်ဖီး Mr. Dong Yunfei ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတဲ့ ပထမပိုင်းကို နားဆင်နိုင်ပါတယ်။
2014-12-29
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် လောင်းလျာထားမှု စာရင်းတွေကို ပါတီဗဟိုဌာနချုပ်ဆီ တင်ပြထားပြီးဖြစ်ကာ လက်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ပြန်လည် ဝင်ရောက်အရွေးခံကြမှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ရန် ကုန်တိုင်း အတွင်းရေးမှုး ဦးသာဝင်းက ပြောပါတယ်။
2014-12-28
ရန်ကုန် စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နော် လှလှစိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။
2014-12-28
နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အမည်စာရင်းနဲ့ပတ်သက် ပြီး ပြဿနာတွေ ရှိခဲ့သလိုဆန္ဒမဲပေးချိန်မှာ မဲဆွယ် စည်းရုံးနေတာတွေ ရှိတဲ့အတွက် ကိုယ်စား လှယ်လောင်းအချင်းချင်း ဝေဖန်တာတွေ ရှိနေပါတယ်။
2014-12-27
လက်ပံတောင်းတောင် ပဋိပက္ခမှာ သေဆုံးမှုအထိ ဖြစ်ခဲ့ရတာဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စတခုဖြစ်ကြောင်း၊ ဒီဖြစ်စဉ် အပေါ် လေ့လာ သုံးသပ်နေကြောင်း မြန်မာနိုင်ငံ အမျိူးသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရက ပြောပါတယ်။
2014-12-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုကို တရုတ်ဝမ်ပေါင် ကုမ္ပဏီ က မြန်မာငွေ ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2014-12-26
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးကို ဒီနေ့ Koh Samui ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ နှစ်ဖက် သက်သေစာရင်းကို တင်ပြခဲ့ တယ်လို့ သိရပါတယ်။
2014-12-26
ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာ တွေ့ရှိခဲ့ရတာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
2014-12-26
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ မြို့ခံတွေ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၂ဝဝ လောက်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2014-12-23
တောင်ကြီးမြို့ပါတီဌာနချုပ်မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ၁၂ ပွင့်ဆိုင် ထိပ်သီးတွေ့ဆုံဆွေးနွေးရေးကို ထောက် ခံကြောင်း အပါအဝင် ကြေညာချက် ၆ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။
2014-12-23
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံလယ်သမားတွေကို ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။