သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-27
ပြီးခဲ့တဲ့ ဧပြီလဆန်းက စပြီး ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနယ်တဝိုက်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ပလောင်တအောင်း တပ်ဖွဲ့တွေရဲ့ အကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပြန်ပြီ်းငြိမ်နေပေမဲ့ အစိုးရတပ်တွေဟာ တနေ့တခြား နယ်မြေတိုးချဲ့ နေရာယူနေတယ်လို့ ပလောင်တပ်ဦးက ပြောပါတယ်။ ပလောင်တပ်ဦးက ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-26
ကချင်ပဋိပက္ခအရေး ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြစ်ကြီးနားမြို့က ကချင်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-26
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ငယ်စဉ်ကတည်းက အလုပ်ကြိုးစားသူဖြစ်သလို၊ ချိုးခြံချွေတာပြီး တခြားကလေးတွေကို ကျောင်း ထားပေးခဲ့သူဖြစ်တယ်လို့ ဆရာဦးဝင်းတင်နဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ မကွယ်လွန်ခင်အချိန်ထိလည်း ရန်ကင်းမြို့နယ်ကအိမ်မှာ နေထိုင်ခွင့်ပေးခဲ့ သူဖြစ်တဲ့ ဦးအုန်းထွန်းကပြောပါတယ်။
2014-04-25
ကချင်ပြည်နယ်အတွင်း အစိုးရဘက်က တပ်အင်အားတိုးချုဲ့ချရတာဟာ ထိုးစစ်ဆင်ဖို့အတွက် မဟုတ်ဘဲ ခြိမ်းခြောက်မှုတွေရှိလာရင် ဒေသခံလူထုရဲ့လုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်၊ ကချင်ပြည်နယ်ထဲမှာ ဘာကြောင့်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတာပါသလဲ။ ကချင် KIA အဖွဲ့နဲ့ရော အပစ်ရပ်ရေးသဘောတူလက်မှတ် ဘာကြောင့် အခုချိန်ထိမရေးထိုးနိုင်သေးတာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-04-25
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ သတင်းစာသမားဘဝတုန်းက ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်တွေကပါ လေစားသူဖြစ်သလို၊ စတတ်နောက်တတ်သူဖြစ်ကြောင်း ဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရင်းနှီးသူတွေက ဘကြီးမိုး လို့ခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူက ပြောပါတယ်။
2014-04-24
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ရပ်တည်ချက် ခိုင်မာသူဖြစ်ပေမဲ့၊ စေ့စပ်ဆွေးနွေးရေးမလုပ်နိုင်သူမဟုတ်ကြောင်း ဦးဝင်းတင် နဲ့ လုပ်ဖေါ် ကိုင်ဖက် ဖြစ်ခဲ့သူ စာရေးဆရာ ဦးမိုးသူက ပြောပါတယ်။ ဆရာဦးမိုးသူကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း (၂) ကို နားဆင်နိုင်ပါတယ်။
2014-04-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် RFA ကိုပြောခဲ့ဘူးတဲ့ သူရဲ့ယုံကြည်ချက်နဲ့ အယူအဆတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ် တင်ပြထားပါတယ်။
2014-04-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် RFA ကိုပြောခဲ့ဘူးတဲ့ သူရဲ့ယုံကြည်ချက်နဲ့အယူအဆတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားပါတယ်။
2014-04-23
ဆရာဦးဝင်းတင်နဲ့ ပတ်သက်ပြီး ရဲဘော်သုံးကျိပ်ဗိုလ်ချုပ်ကျော်ဇောရဲ့သမီးဖြစ်သလိုလက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-23
ဆရာဦးဝင်းတင်နဲ့ ပတ်သက်ပြီး လူထုဦးလှ ဒေါ်အမာတို့ရဲ့သား စာရေးဆရာ ညီပုလေးကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-21
အစိုးရနဲ့ KIA တပ်ဖွဲ့များ အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အသာစီးရဘို့ အစိုးရဘက်က ရည်ရွယ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ခေတ္တ ရောက်ရှိနေတဲ့ KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
2014-04-21
မြန်မာနိုင်ငံမှာ ကိုယ်ကျိုးမကြည့်ပဲ အများကောင်းကျိုးအတွက် အနစ်အနာခံ ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူတွေ အဖွဲ့အစည်းတွေကို ရွေးချယ် ချီးမြှင့် တဲ့ ပြည်သူ့ဂုဏ်ရည် ဆု အတွက် အဆိုပြုလွှာတွေ တင်သွင်းရက်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2014-04-15
လယ်သမား၊ အလုပ်သမားအရေးဆောင်ရွက်သူ မစုစုနွေးဟာ သူအကျဉ်းကျနေစဉ် ၂ဝဝ၈ ခုနှစ်က အီတလီနိုင်ငံ အာဂရက်တီမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သူဆု ချီးမြှင့်ထားတာကို ပြီးခဲ့တဲ့သတင်းပတ်က အဲဒီမြို့မှာ သွားရောက်လက်ခံရယူခဲ့ပါတယ်။
2014-04-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ အီတလီနိုင်ငံကို လေ့လာရေးအဖြစ် ၂ ပတ်ကြာသွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်နဲ့ပတ်သက်လို့ ဒေါ်ဖြူဖြူသင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-11
မျိုးစောင့်ဥပဒေကြမ်းတွေ ရေးဆွဲရေးအပါအဝင် ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ သန်းခေါင်စာရင်းကောက်ယူမှု၊ ရိုဟင်ဂျာနဲ့ နိုင်ငံတကာ အန်ဂျီအို ပြဿနာ အခြေအနေတွေနဲ့ ပတ်သက်လို့ အမျိုးသား လူမှုရေး၊ စီးပွားရေးအကြံပေးကောင်စီဝင်၊ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်နဲ့ ဒုချီးယားတန်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို ဆက်သွယ်တင်ပြမှာပါ။