သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-10
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးကို ကချင်ပြည်နယ်လူထုကလိုလားပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကချင်နှစ်ချင်းသာသနာပြုအဖွဲ့အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခလန် က RFA ကို ပြောပါတယ်။
2015-09-10
မနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက် ပိုင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးကြီးမြင့်နဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ်စည်းရုံးခဲ့ ပါတယ်။
2015-09-10
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းဟာ မနေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းကို ဖွင့်လှစ်လိုက်ပါတယ်။
2015-09-10
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ မိုင် ၂ဝ လောက်ဝေးတဲ့ ငေါ့ငါးနဲ့ ဂျရမ်းကျေးရွာတွေနားမှာ စက်တင်ဘာ လ ၇ ရက်နေ့ကစပြီး ဒီနေ့အထိ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
2015-09-07
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်တစ်လျှောက် မှာရှိတဲ့ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း နဲ့ မုံရွာမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေ မှတ်အထက် ဆက်ပြီးတည်ရှိနေမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2015-09-06
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ တိုးမြင့်ထားရာမှာ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
2015-09-06
တအာန်းပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်နယ်မြေမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စား လှယ်လောင်းတွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြောင်း ဒါပေမယ့်လုံခြုံရေးကိုတော့ အာမမခံနိုင်ဘူးလို့လည်း TNLA က ပြောပါတယ်။
2015-09-03
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းအတွင်းမှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင် ပွဲတော်နဲ့ ကျောင်းသားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲ ကို ကျင်းပခဲ့တာဟာ ကျောင်းစည်းကမ်းတွေ ကို ဖောက်ဖျက်တာဆိုပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက သမဂ္ဂ အဖွဲ့ဝင် ၉ ဦးကို ခေါ်ယူသတိပေးခဲ့ပါတယ်။
2015-09-03
ချင်းတွင်းမြစ်ရေ လျှံတက်လာတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်က ကျေးရွာတွေနဲ့ မြို့ပေါ် ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရေဖုံးလွှမ်းနေပါတယ်။
2015-09-03
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် စီးခတွေကို ငွေကျပ် တစ်ရာကနေ လေးရာ အထိ ပြောင်းလဲကောက်ခံဖို့အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူသွား မယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီ မ.ထ.သ (ဗဟို) ဒုတိယဥက္ကဌ က ပြောပါတယ်။
2015-09-03
မကွေးတိုင်းဒေသကြီး ပခုက္ကူနည်းပညာတက္ကသိုလ်က ကျောင်းသား ၃၅ ယောက်ကို ကျောင်းခေါ်ချိန် မပြည့်လို့ဆိုပြီး စာမေးပွဲဖြေခွင့် ပိတ်လိုက်တာဟာ တရားမျှတမှု မရှိကြောင်း ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
2015-09-02
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁ဝ(င) ပါပြဌာန်းချက် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိ သလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြော လိုက်ပါတယ်။
2015-09-02
ချင်းပြည်နယ်၊ ဟားခါးမြို့က အိမ်ခြေ ၈ဝဝ ကျော်ကို နမ်ဟောင်ကမ်းတောင်ကြော တစ်လျှောက်မှာ မြို့သစ်တည် ပြီး နေရာချထားဖို့အတွက် နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
2015-09-02
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ပြီးခဲ့တဲ့ ၅ ရက်လောက်ကစပြီး မိုးဆက်တိုက်ရွာ နေတာကြောင့် ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ကျေးရွာ ၁ဝဝ နီးပါး မှာ ရေဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။
2015-08-31
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမှာ သတင်းယူမယ့် သတင်းထောက်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီက တာဝန်ရှိသူတွေ ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက် ပွဲ ကော်မရှင်ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။